ကျိုက်ထိုပြန်/ဆက်၌ (၁၀၁)နှစ်မြောက်  အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ် သိကောင်းစရာ (Talk Show)  ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို နိုဝင်ဘာ ၁၇

(၁၀၁)နှစ်မြောက် အမျိုးသား‌အောင်ပွဲနေ့ အထိမ်းအမှတ်သိကောင်းစရာ(Talk Show) ဆွေးနွေးပွဲကို နိုဝင်ဘာ(၁၇)ရက် နံနက် ၁၀နာရီတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Cantre ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းသို့ပြုလုပ်ရာတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အမျိုးသား‌ အောင်ပွဲနေ့ ပြုလုပ်ရခြင်း ရွယ်ရည်ချက်ကို  ပြောကြားပြီး စာပေချစ်သူများ အဖွဲ့၀င်အမှတ်(၁) မူလွန် ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမွန်က ကိုလိုနီ‌ခေတ် ကျွန်ပညာရေးစနစ်ကို ပြည်သူများခါးစည်းခံနေရသည့် ဘဝမှလွှတ်မြောက်ရန် တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် မျိုးချစ်နိုင်ငံသူ၊နိုင်ငံသားများက ကိုလိုနီကျွန်  ပညာရေးစနစ်ကို တော်လှန်ပြီး မိမိတို့လိုအပ်သည့် ပညာရေးစနစ်ကို အကောင်အထည်ဖော် ရရှိခဲ့သည့် ပညာရေးအောင်ပွဲကို အမျိုးသား‌အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ကျွန်ပညာရေးစနစ် လွှတ်မြောက်ရန် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်အပေါင်းတို့ကို ဂုဏ်ပြု၍ နှစ်စဉ် တန်ဆောင်းမုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို အမျိုးသား‌အောင်ပွဲနေ့အဖြစ်  သတ်မှတ်၍ မြန်မာတစ်နိုင်ငံလုံးတွင် ဆင်ယင်ကျင်းပလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဝင်းမောင်(ကျိုက်ထို)