ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ  နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေ မှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ် နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃) နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ သန်းထွန်း(စကု)ရေးသားသော အရှက်နှင့်ကိုယ်ကျင့်သိက္ခာ စာအုပ်ပါ အရှက်နှင့်ကိုယ်ကျင့်သိက္ခာ ဆောင်းပါးနှင့် မတူလျှင်မယှဉ်လိုက်ပါနှင့် ဆောင်းပါး များကို  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးသိန်းမောင်နှင့် စာပေချစ်သူများက ဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)