ကျိုက်လတ် နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ် နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက တဘိုးကုန်း အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ တဘိုးကုန်းကျေးရွာအုပ်စုရှိ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၃၉) ဦး၊ ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း (၄၇) ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း(၄၀)ဦး၊ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှုပေါင်း(၂၇)ဦး၊ စုစုပေါင်း (၁၅၃) ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျိုက်လတ်မြို့နယ် ဖိုးစံကျခတ်ကုန်းကျေးရွာ အုပ်စုတွင် (၇၄)ဦး၊ လတာကြီးအုပ်စု ကျေးရွာတွင် (၆၃) ဦး တို့ကိုလည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်ဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။