နတ်မောက် နိုဝင်ဘာ ၁၇
တန်ဆောင်မုန်းလတွင် မဲဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ မဲဇလီဖူးရောင်းသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။နတ်မောက်မြို့ အတွင်းတွင် မဲဇလီပင်များသည် ကားလမ်းဘေးဝဲယာများ၌ အများစု တွေ့နိုင် သည်။မဲဇလီဖူးမှာ ဆေးဖက်ဝင်အပင်ဖြစ်ပြီး မဲဇလီဖူးကိုသုပ်စားပါက ကျန်းမာရေးနှင့် ညီညွတ် သည်။အထူးသဖြင့် လေအတွက် ကောင်းမွန်သည်ဟု ဆိုထားသည်။တန်ဆောင်မုန်းလပြည့် နေ့ည( ၁၂) နာရီတွင် ဆေးပေါင်းခချိန်နှင့်မဲဇလီဖူးသုပ်အကြောင်းကို လူသိများလှသည်။လက်ရှိ ကာလ တန်ဆောင်မုန်းလပြည့်နီးသည့်ကာလ မဲဇလီဖူးများရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။တစ်နေ့လျှင်မဲဇလီဖူးချိုးသူတစ်ဦးကို အနည်းဆုံး မဲဇလီဖူးပြည်( ၂၀) အထိရရှိ ကြောင်းသိရသည်။ မဲဇလီဖူးများ ရောင်းချရာတွင်ပြုတ်ပြီးမှ ရောင်းချလေ့ရှိရာ ပြုတ်ပြီးသား မဲဇလီဖူး တစ်ပြည်လျှင်ငွေကျပ်(၁၂၀၀) ဖြင့် ရောင်းချကြသည်။ လက်ရှိကာလတွင် နတ် မောက်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မဲဇလီဖူးရောင်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှဝင်း