ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပန်းတနော် နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘာသာပြန်သူ  မြနှင်းရည်ရှိန် ရေးသားသည့် အတွေးများ မှသည် လက်တွေ့လုပ် ဆောင်မှုဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး (Book Club) အသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးစစ်ယုန်နှင့် (Youth Club) အသင်းဝင်များက မိမိကိုယ်ကိုယ်ယုံကြည်ခြင်းဖြင့် ကြုံတွေ့လာမည့် ဒုက္ခကို အနိုင်ယူပါ၊ အခြားသူများနှင့် အတူတကွ အောင်မြင်မှုကိုရယူပါ၊ အခြားသူများနှင့် ပူးပေါင်း လုပ်ကိုင်သည့် နည်းလမ်းကို သင်ယူပါ၊ စာဖတ်သည့်အချိန်ကို မနှမြောပါနှင့်၊ မိတ်ဆွေကောင်းများကို ရှာဖွေသွားပါ၊ တန်ဖိုးအရှိဆုံးအလုပ်တွင် အားစိုက်ထုတ်လုပ်ပါ၊ တစ်ဖက်သားကို စိတ်ရင်းဖြင့်ဆက်ဆံပါ စသည့် အကြောင်းအရာများအား အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။


 

မြို့နယ်(ပြန်/ ဆက်)