တောင်ငူ သြဂုတ် ၂၀
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲဆန္ဒရှင် စာရင်းတွင် ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က အဖွင့်အမှာစကားများ ပြောကြားပြီး ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဒေါ်ညွန့်သူဇာမြင့်က အမှာစကားပြောကြားသည်။ တောင်ငူခရိုင်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲဆန္ဒရှင် စာရင်း တွင် ပါဝင်နိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပထမအကြိမ် ကပ်ထား ကြေညာထားရှိသည့် မဲဆန္ဒရှင် စာရင်း များ ပြင်ဆင်ဖြည့်စွပ်ရာ၌ မှန်ကန်မှုရှိစေရေး၊ ဒုတိယအကြိမ် ကပ်ထားကြေငြာရာ၌ ယခင်ထက် ပိုမိုမှန်ကန်စွာ ရှိစေရေးအတွက် သက်ဆိုင်ရာ အသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း၊ မဲပေးခွင့်ရရှိသည့် နိုင်ငံသားတိုင်း ကျန်ရှိမှု မဖြစ်ပေါ် ရေး အတွက် အလေးထားဆောင် ရွက်ကြစေလိုကြောင်း အသီးသီး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တောင်ငူခရိုင်အတွင်း မြို့နယ်ခြောက်မြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ပုံစံ(၃)၊ ပုံစံ (၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာမှုများအား မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီး၌ မဲစာရင်းတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)