စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ပြုလုပ်

စစ်တွေ  နိုဝင်ဘာ ၁၇

တန်းဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ ညနေပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က မြန်မာနိုင်ငံတွင် မမေ့နိုင်သည့်နေ့၊ မမေ့သင့်သည့်နေ့များနှင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များ ရှိကြောင်း၊ ထိုနေ့များထဲတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက် အစပြုခဲ့ပြီး နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်နိုင်ခဲ့သော ကျောင်းသားသပိတ် စတင်ခဲ့သည့် တန်းဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ အမျိုးသားအောင်ပွဲနေ့ သည်လည်း မြန်မာပြည်သူများအတွက် မမေ့သင့်သည့် နေ့ရက်တစ်ခုဖြစ်ကြောင်း စတင်ဆွေးနွေး ပြောကြားသည်။

ထို့နောက် စာရေးဆရာ ဂေါယာမြေစောဝင်းက  မြန်မာနိုင်ငံပညာရေး စနစ်ဖြစ်စဉ်များ၊ ကိုလိုနီ ပညာရေးစနစ် ဖြစ်ပေါ်လာခဲ့မှု၊ မြန်မာနိုင်ငံကို ဗြိတိသျှတို့သိမ်းယူခဲ့မှုနှင့် အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတို့အား အနာဂတ် မျိုးဆက်သစ် လူငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ရှင် သန်ထက်မြက်စေရေး တို့အတွက် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)