မုဒုံ နိုဝင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့၌ ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန် က ကလော့သော့ကျေးရွာအုပ်စု ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ တက်ရောက်၍ အမှာစကားပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မော် က ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာများနှင့် နိုင်ငံသားဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ကလော့သော့ကျေးရွာအုပ်စု အပါအဝင်ကျေးရွာအုပ်စု (၁၀) စုတို့မှ ပြည်သူ (၁၀၃၃)ဦး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူများတို့မှ အသီးသီးပေးအပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိက ကြီးကြပ်၍ ဝန်ထမ်းများက ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ကာ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ထိမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၄၁)အုပ်စုမှ ဒေသခံပြည်သူ (၅၀၀၀)ကျော်ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများကိုလည် သတ်မှတ်ကာလအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ