တောင်ငူ၌ စာရေးဆရာ ကျော်ဇော်နိုင် ရေးသားသည့် “ ဆရာဟူသည်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တောင်ငူ နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ ကျော်ဇော်နိုင် ရေးသားသည့် “ ဆရာဟူသည် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက (၁) ဦးအောင်သန်း (အောင်ခန့်ဖြိုးဝေ - တောင်ငူ) က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းအား ကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက (၁) ဦးအောင်သန်း (အောင်ခန့်ဖြိုးဝေ - တောင်ငူ) ၊ နာယက(၂) ဦးပွင့်သူအောင် (တက္ကသိုလ် ပွင့်သူအောင်) နှင့် အဖွဲ့ဝင်များက  စာရေးဆရာ ကျော်ဇော်နိုင် ရေးသားသည့် “ဆရာဟူသည်” စာအုပ်မှ မြတ်ဆရာ ဟူသည်၊ ဆရာဟူသည်၊ ကမ္ဘာ့ဆရာ မြတ်ဆရာ၊ ကမ္ဘာတစ်ဝန်းရှိ ကြီးကျယ် မြင့်မြတ်သော ဆရာများ အားလုံးကို ကျေးဇူးတင် ဂါရဝပြုခြင်း၊ ဆရာတို့၏ ပဲ့ပြင်သွန်သင်မှု၊ သင်ကြားပြသမှု၊ လူငယ်တို့၏ အနာဂတ် စသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ထက်