ဇီးကုန်းမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးနှင့် ငွေစာရင်းကိုင်သင်တန်း ဖွင့်လှစ်ပို့ချ

ဇီးကုန်း နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော မြစိမ်းရောင် (အသားကဏ္ဍ)မွေးမြူရေးနှင့် ငွေစာရင်းကိုင်သင်တန်းကို နွားတဲကုန်း ကျေးရွာအုပ်စု ပန်းတင်ကလေး ကျေးရွာတွင် နိုဝင်ဘာ (၁၅)ရက် မှ စတင်၍ ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုးက အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးခဲ့သည်။

ထို့နောက် သင်တန်းအားဆက်လက်ပို့ချခဲ့ရာ မြစိမ်းရောင်မွေးမြူရေး ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၁၀)ဦးအား မြစိမ်းရောင်မွေးမြူရေးနှင့် ငွေစာရင်းကိုင်သင်တန်းကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်နှင့် မွေးမြူရေးကဏ္ဍများကို နှစ်ရက်တာ သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)