မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းပြုလုပ်

မိုးညို နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။    ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်းနှင့် ဝန်ထမ်းများ စာပေဗဟုသုတ အတွေးအခေါ်များ ရင့်သန်ပြီး ပြည်သူများအား စာပေဗဟုသုတများ တစ်ဆင့် ပြန်လည်မျှ ဝေပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးက စာရေးဆရာနတ်သျှင်နောင် (ရွှေဂူ)၏ လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်မှ လူငယ်များ ကိုပျိုးထောင်ပေးပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အေးအေးဟန် (စာကြည့်တိုက် လက်ထောက်-၃) က လူငယ်နှင့် အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်မင်းနိုင်(ဓာတ်ပုံ-၂) အင်အားပြက လူကြီးနှင့် လူငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားခဲ့ကြပြီး ဝန်ထမ်းများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများနှင့် အတူ (Book Club) အဖွဲ့ဝင်များ၊ (Women Club)အဖွဲ့ဝင်များ၊ (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)