(၂၀)ကြိမ်မြောက် ကျောက်ဖြူခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်း

ကျောက်ဖြူ  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၂၀)ကြိမ်မြောက် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့၊ နံနက်(၉)နာရီအချိန် က ကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်၊ အေးမြစံသာကျောင်းတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကျောက်ဖြူမြို့နယ်သံဃနာယကအဖွဲ့ဝင် အေးမြစံသာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတ မဟာ ထေရ်မြတ်ထံမှ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များက ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် ဆရာတော်များက အန္တရာယ်ကင်းပရိတ် တရားတော်ရွတ် ပွားသဇ္ဈာယ်တော်မူခဲ့ကြပြီး မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တပညာဇောတအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်ဇနီးတို့က ကထိန်လျာသင်္ကန်းဆက်ကပ်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များနှင့် ကြွရောက်လာကြသောဌာနဆိုင်ရာ ဧည့်ပရိတ်သတ်များက ဗုဒ္ဓဿသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွက်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ (၂၀)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍  ဘုရားကြီးကျောင်းတိုက်၊ မြို့နယ် ပရဟိတကျောင်း၊ မင်္ဂလာသိမ်ကုန်းကျောင်း၊ ပညာလင်္ကာရကျောင်း၊ မူလာရာ မကျောင်း၊ အေးမြစံသာ ကျောင်းနှင့်ရွှေဟင်္သာတောရကျောင်း စုစုပေါင်းဘုန်တော်ကြီးကျောင်း(၇)အား ငွေသားကျပ် (၄၈၉၈၅၅ဝိ/)၊ အလှူဖွယ်ပစ္စည်းတန်ဖိုး ကျပ်(၂၂၁၈၄၀ဝိ/-) စုစုပေါင်းတန်ဖိုးကျပ်(၇၁၁၆၉၅ဝိ/-)အား သက်ဆိုင်ရာ ဌာနများ မှ ကျောင်းအရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဖြိုးဝေလင်း၊ တင်ထွန်းဦး(ပြန်/ဆက်)