ကျိုက်ထိုမြို့နယ်တွင် အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကျိုက်ထို  နို၀င်ဘာ ၁၆

ကျိုက်ထိုမြို့နယ်တွင် အသက်(၁၂)နှင့်အထက်အခြေခံပညာအလယ်တန်းအထက် တန်းကျောင်းများမှကျောင်း သား/ ကျောင်း သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ယနေ့ နံနက်(၉)နာရီတွင်  ကျိုက်ထိုမြို့နယ်အမှတ်(၁) အခြေခံပညာ  အထက်တန်း ကျောင်း၌ ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနမှ ဆရာ၀န်ကြီး ဒေါက်တာခွန်မောင်အိုးနှင့်၀န်ထမ်းများ၊ ပညာရေးဌာနမှ ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊လူမှု‌ ရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းသား/  ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်စီဂျင် လည်ပတ်မှုနှုန်းတိုင်း တာခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါဆေးထိုးနှံပေးရာ၌အထက(၁) အထက(ရွှေဥဩ)၊အထက(ဇေယျာမွန်)၊အလက(ကျိုက်ပိ)၊မူလွန်(၁)၊မူလွန် (၃) တပ်မ(၄၄)၊အောင်မင်္ဂလာ(၂)တို့မှကျောင်းသား/သူ(၈၀၀)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ် ကြောင်းပညာရေး ဌာနမှ သိရသည်။

၀င်းမောင်(ကျိုက်ထို)