ဘူးသီးတောင် နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ တို့ ပူးပေါင်း စီစဉ်ကျင်းပသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၆ ရက် ၊ မွန်းလွဲ ၁၀ နာရီက ကျင်းပသည်။
အဆိုပါ အသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန အနေဖြင့် လူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရေး နေ့ရက်/ရက်ကြီးအထိမ်း အမှတ်နေ့များအကြောင်း သိကြောင်းစရာများ ဗဟုသုတတိုးပွားစေရေးအတွက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အွန်လိုင်းစနစ်ဖြင့်အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ ဦးဆောင်ပါဝင်ဆွေးနွေး သူစာအုပ် စာစောင် ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ စာရေးဆရာမောင်မေယု(ဘူးသီးတောင်)က အနာဂတ် မျိုးဆက်သစ်လူငယ်မောင်မယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာ ပုံသမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေး လုပ်ဆောင် ရမည့်အချက်များ ၊ တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံခေါင်းဆောင်ကောင်း များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြ ရန်အချက်များကို အသိပညာပေးဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရသည်။
လှကျော်(ပြန်/ဆက်)