ရွှေကျင်မြို့တွင် စုပေါင်းဘုံကထိန်လှည့်လည်ပွဲကျင်းပ

ရွှေကျင် နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများရပ်ကွက်များနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်း ဘုံကထိန် လှည့်လည်ပွဲကို ယနေ့နံပိုင်းက ကျင်းပသည်။

ရွှေကျင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းဘုံကထိန်လှည့်လည်ပွဲတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူမှ ဦးဆောင် ကြီးကြပ်မှုဖြင့် ရွှေကျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၉)ကျောင်းသို့ ဌာနဆိုင်ရာများရပ်ကွက်များနှင့် လူမှုရေးအသင်း အဖွဲ့များက စာရေး တံမဲပေါက်သည့် ဘုန်းတော်ကြီးကျောင်းများအလိုက် သွားရောက်လှူဒါန်း ခဲ့ကြပြီး စုစုပေါင်းလှူဒါန်းငွေကျပ် (၁၅၆၁၀၈၅၀) လှူဒါန်းခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)