ကျောက်တံခါး နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ တောကျွဲအင်း ကျေးရွာအုပ်စုအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ယနေ့ နံနက်(၉)နာရီအချိန်က တောကျွဲအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက "ပန်းခင်းစီမံချက်" ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးခရိုင် ဦးစီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ကူညီဆောင်ရွက်ပေးသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သန်းလှိုင်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသူ ၃(က)(၃၇)ဦး ၊ ၆(က)(၁၂၅)ဦး စုစုပေါင်း (၁၆၂)ဦးတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
စန်းစန်း