ရမ်းဗြဲ ၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းပြုလုပ်နိုင် ရန်အတွက် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် စက်ရုံအလုပ်ရုံများသို့သွားရေက်ပြီးမီးဘေး လုံခြုံရေးကွင်းဆင်းဆောင် ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဉာဏ်လင်းဦး ဦးဆောင်သည့်မီးသတ်တပ်ဖွဲ့ ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံအတွင်းလျှပ်စစ်မီးများစစ်ဆေးခြင်း မီးသတ်ဆေးဗူးများ စနစ်တကျရှိ/မရှိစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကြပါသည်။
၎င်းနောက် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များရှိ စက်ရုံအလုပ်ရုံများနှင့် ဝပ်ရှော့လုပ်ငန်းများသို့ သွားရောက်ပြီး မီးဘေး ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်း၊ မီးသုံးစွဲမှုစနစ် တကျ ရှိ/မရှိစစ်ဆေးခြင်း မီချိတ်/မီးကတ်များ၊ မီးခွင်းများနှင့် အရေးပေါ်မီးငြိမ်းသတ်နိုင်ရန် ရေသိုလှောင်ကန်များအတွင်း ရေသိုလှောင်ထားရှိမှု တို့ကိုစစ်ဆေးကြည့်ရှုခဲ့ကြပါသည်၊ ဆက်လက်၍ စက်ရုံ အလုပ်ရုံများနှင့် ဝပ်ရှော့လုပ်ငန်းရှင်များအား မီးဘေးလုံခြုံရေး အတွက် အသိပညာပေးလုပ်ငန်းများကို အကြံပြုဆွေးနွေးမှာကြားခဲ့ကြကြောင်းသိရသည်။
အောင်နိုင် (ပြန်/ဆက်)