ဒေးဒရဲ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသရာတွင် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့လှုပ်ရှားမှု မှတ်တမ်းများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး ဆောင်းပါးကောက်နုတ်ချက်များ၊ အမျိုးသားနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးများနှင့် သုတ၊ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ၊ ဌာနဆိုင်ရာများ လာရောက်လေ့လာကြကြောင်း သိရသည်။
အေဇာလင်း