နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လင်းဒလူးကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ အခမဲ့ပြုလုပ်ပေး

နတ်မောက် နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေး လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် လင်းဒလူးကျေးရွာအုပ်စုရှိ ဒေသခံ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က သွားရောက်ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က)ကျား(၅)ဦး၊ ၆(က)ကျား(၂)ဦး၊ မ(၄)ဦး၊ လဲလှယ် ကျား(၂၂)ဦး၊ မ(၁၈)ဦး၊ မိတ္တူကျား(၈)ဦး၊ မ(၆)ဦး စုစုပေါင်း(၆၅)ဦးတို့အား  ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌အမြဲနေထိုင်ပြီး အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့ နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်