ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များဖြန့်ဝေ

ကျိုက်လတ်   နိုဝင်ဘာ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်မှု အား ယနေ့နံနက် (၈) နာရီက မြို့ပေါ်စုရပ် (၃)နေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် အဖွဲ့ဝင်များက ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည် ကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြစေရန်၊ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဦးထုပ် ဆောင်း၍ မောင်းနှင်ရန် အသိပညာပေးပြောကြားခဲ့ပြီး၊ ဆိုင်ကယ်ဦးထုပ် မပါရှိသူများအား ဆိုင်ကယ်စီးဦးထုပ်(၁၅၀)အား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်မှုအား ကျိုက်လတ်မြို့ အမှတ်(၂)ရပ်ကွက်(၂)လမ်း၊ အမှတ်(၃)ရပ်ကွက်(၇)လမ်း၊ အမှတ်(၅)ရပ်ကွက် (၁၉)လမ်းတို့တွင် စုရပ် ၃ နေရာခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)