ရွှေသောင်ယံ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျောက်မောင်နှမကမ်းခြေလုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် မြို့ အုပ်ချုပ်ရေးမှူးဦးဆောင်သော ကမ်းခြေစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့မှဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်(၁၀)နာရီအချိန် ကရွှေသောင်ယံမြို့ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကမ်းခြေ(PublicArea)အတွင်း ကျူးကျော်ဈေး ဆိုင် ခန်းများ ဆောက်လုပ်ခွင့်မပြုရန် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ဈေးဆိုင်သမားများ အား ဆိုင်ခန်းနေရာသတ်မှတ်ပေးခြင်း၊ အုန်းငုတ်၊ ဘောငုတ်သမားများကို စည်းကမ်းတကျ ငှားရမ်းရောင်းချစေခြင်း၊ လေးဘီးဆိုင်ကယ်များ၊ မြင်းသမားများကိုလည်း စနစ်တကျ ငှားရမ်း ဆောင်ရွက်ရန်မှာကြားခြင်းဖြင့်သန့်ရှင်းသာယာလှပရေး အတွက်ဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် ညအိပ်နေထိုင်ဈေးရောင်းချသူများကို လူအဝင်အထွက်ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခြင်း၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှ မကြာခဏ လှည့်ကင်းများဆောင်ရွက် ပေးခြင်း၊ ကမ်းခြေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှလည်း လိုအပ်သလို လှည့်လည် စစ်ဆေးခြင်းတို့ဖြင့် ကမ်းခြေသို့လာရောက်အပန်းဖြေ လည်ပတ်ကြသော ဧည့်သည် များ လုံခြုံပြီးစိတ်အေးချမ်းသာမှု ရရှိစေရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုကိုမောင်