ကနီ ဩဂုတ်လ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို ဂုဏ်ထူး(၂)ဘာသာရရှိသူများနှင့်အထက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများအား မြို့နယ်ပညာရည်မြှင့်တင်မှုကော်မတီမှ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ယမန်နေ့ ၁၀ နာရီက ကနီမြို့ အထကကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှင်ဌေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိုက်စိုးထွန်း ၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးသိန်းဇော်ဦးတို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ်ပညာရည်မြှင့်တင်မှုကော်မတီ ဘဏ္ဍာရေးမှူး ဆရာကြီး ဦးစိုးတင့်က ဘဏ္ဍာငွေ ရ/သုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၄)ဘာသာဂုဏ်ထူးရှင်(၅)ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၂)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၆၉) ဦး စုစုပေါင်း ဂုဏ်ထူး(၂) ဘာသာနှင့်အထက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူ(၉၆)ဦး တို့အား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)