ကဝမြို့၌ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် ကြပ်မတ်စစ်ဆေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ကဝ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်း ကျဆင်းရေးအတွက် မြို့မဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်များနှင့် မုန့်မျိုးစုံ ရောင်းချနေသည့် ဈေးသည်များအနေဖြင့် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ရောင်းချရန် ကြပ်မတ်စစ်ဆေးခြင်းနှင့်  အသိပညာပေး နှိုးဆော်ခြင်းများကို  ယနေ့နံနက် (၇:၃၀)နာရီက မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကဝမြို့မဈေးကြီးအတွင်းရှိ ဟင်းသီးဟင်းရွက်များနှင့် မုန့်မျိုးစုံ ရောင်းချနေသူများအား Mask များ တပ်ထားရန်၊ ဈေးဆိုင်များကို အကာအကွယ်များ ပြုလုပ်ထားရန်၊ ဈေးဝယ်သူများကိုလည်း နှာခေါင်းစည်း Mask များ တပ်ဆင်ထားရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)