ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လမ်းညွှန်မှာကြား

လက်ပံတန်း နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းအစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လမ်းညွန်မှာကြား ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌ ရှေးဦးစွာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်မှ နယ်မြေ ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိူးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်မှ လက်ပံတန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များအား ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားရန်၊ ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းစဉ်များအား အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားရန်နှင့် စည်းကမ်းတင်းကြပ်စွာ ဆောင်ရွက်ကြရန်၊ စာသင် ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် တ်သတ်၍ ဆရာ၊ ဆရာမများ ကျောင်းသား/ သူများ၏ လုံခြုံရေးအား အလေးထားဆောင်ရွက်သွားရန်နှင့် မြို့နယ်အတွက် လိုအပ်သည်များ ရှိပါက ချက်ချင်း တင်ပြပေးရန်တို့ကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး (လက်ပံတန်း)