ချောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် မြန်မာစကားပုံဆက် ပြိုင်ပွဲများ ကျင်းပပြုလုပ်

ချောက် နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အမျိုးသားနေ့ ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် မြန်မာစကားပုံဆက် ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများ တိုးပွားစေရန် ရည်ရွယ်၍ စကားပုံဆက် ပြိုင်ပွဲများကိုလည်း ကျင်းပပြု လုပ်ပေးခဲ့သည်။ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များက အမျိုးသားနေ့ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပခဲ့ရာ အမက ပုဂံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆုရရှိသူများကို ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး၊ အမကပုဂံကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက အသီးသီး ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)