ဝေါလေမြိုင် ဩဂုတ် ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးဆရာဖေမြင့်ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြန်/ဆက်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင်များဖြစ်သည့် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက လက်တွေ့ကျသောစိတ်ကူးယဉ်သမားများနှင့် စိတ်ချမ်းသာပျော်ရွှင်မှုဖြင့် ဘဝကိုမည်သို့ အပြောင်မြောက်ဆုံးတည်ဆောက်မလဲဆိုသည့် အချက်များနှင့်လည်းကောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဝင်းနိုင်ဦးကဘဝတစ်သက်တာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည့်အချက်နှင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသော (Book Club) အဖွဲ့ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှင်းဝေဦး(ပြန်/ဆက်)