ညောင်လေးပင် နိုဝင်ဘာ ၁၅
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်တားဆီး နိုင်ရေးအတွက် Mask Campaignကိုနိုဝင်ဘာလ ၁၅ ရက် နံနက် ၈နာရီက ဆောင်ရွက်ခဲ့သည်။
ပါးစပ်/နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေးလှုပ်ရှားမှု (Mask Campain) ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေးအတွက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို ပြည်သူများမှ တိကျစွာ လိုက်နာနေထိုင်ရေးနှင့် နေအိမ်ပြင်ပသို့ သွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ဆင်ရေးတို့ကို ရည်ရွယ်၍ အသိပညာပေး လှုပ်ရှားမှု(Mask Campaign)ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းများကို ညောင်လေးပင်မြို့နယ်ရှိ မီးသတ်စခန်းရှေ့၌ Mask များအခမဲ့ ဖြန့်ဝေတပ်ဆင်စေခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်