မေတ္တာ သြဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ တောင်သုံးလုံးကျေးရွာအုပ်စု၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကယမန်နေ့နံနက် ၉ နာရီ အချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများထံသို့ ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန် (၅) မျိုး၊ ဒုတိယအကြိမ်အဖြစ် အကြောင်းအမျိုးအမျိုးကြောင့် ကျန်ရှိနေသည့် အိမ်ထောင်စုများသို့ ထောက်ပံ့ငွေကျပ် (၁၅၀၀၀)၊ တတိယအကြိမ်အဖြစ် ငွေကျပ် (၂၀၀၀၀) ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုငွေကျပ် (၂၀၀၀၀) ထောက်ပံ့ခြင်းသည် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးအပ်ခြင်းကို တောင်သုံးလုံးကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၁၄) စု၊ရွှေချောင်းကျေးရွာ၌ အိမ်ထောင်စု (၁၁၅) စုနှင့် ကထောင်းနီကျေးရွာတွင် အိမ်ထောင်စု (၇၄) စုတို့အား ရပ်ကွက်/ကျေးရွ ာအုပ်ချုပ်ရေးမှူးတို့မှ တစ်ဆင့် အသီးသီးပေးအပ်လျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး၊ မေတ္တာ (ပြန်/ဆက်)