မြို့သစ် ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့ နယ်မြေမီးသတ်စခန်းအား တပ်တည် ဆောက်ရေး တာဝန်(၄)ရပ်နှင့်အညီ စံပြစခန်းအဖြစ်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ တမူးခရိုင်မီးသတ်ဦးစီးဌာန ၏ လမ်းညွှန်မှုဖြင့် တမူးမြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က မြို့သစ်မြို့နယ်မြေမီးသတ် စခန်းသို့ လာရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တမူးမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးငြိမ်းသူအောင် နှင့် စခန်းစစ်ဆေးရေး အဖွဲ့ သည် စံပြစခန်းအဖြစ်ဆောင်ရွက်တတ်စေရန်အတွက် စခန်းသန့်ရှင်းသာယာလှပရေး၊ ရုံးလုပ်ငန်း များ စနစ်တကျရှိစေရေး၊ မီးသတ်ယာဉ်နှင့် စက်များ အသုံးပြုနိုင်ခြင်းရှိ/မရှိ၊ တပ်ဖွဲ့ဝင်များ ကျင့်ဝတ် စည်းကမ်းလိုက်နာမှု၊ တပ်ဖွဲ့ဝင်များ၏ကိုယ်အလေးချိန်စစ်ဆေးခြင်း၊ တပ်တွင်း တပ်ပြင် စည်းရုံးရေး၊ သက်သာချောင်ချိရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်များကို မေးမြန်းဆွေးနွေးခဲ့ပြီး မိမိတို့၏ အားနည်း ချက်များကို အားသာချက်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)