ခန္တီး သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မင်္ဂလာဈေးအတွင်းသို့ ယမန်နေ့ကစပြီး ရေဝင်ရောက်မှုကြောင့် ဈေးဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကမ်းလမ်းလမ်းပေါ်၌ ယနေ့နံနက်ပိုင်းမှစ၍ ယာယီဈေးရောင်းချကြ ကြောင်း သိရသည်။
ဈေးအတွင်း ရေဝင်ရောက်သည့်အခါ ၄၊ ၅ ရက် ကြာမြင့်တတ်ကြောင်း၊ ရေပြန်ကျလာခဲ့ရင် လည်း ချက်ချင်းဖွင့်လို့မရသေးကြောင်း၊ သန့်ရှင်းရေး ပြုလုပ်ရန်လိုသေးကြောင်း၊ တစ်ပြန်နှစ်ဆို ၄ ရက်ကြာမှ ဈေးပြန်ဖွင့်လို့ရကြောင်း ခန္တီးမြို့ စည်ပင်သာယာရေးအမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးအောင်၏ ပြောပြချက်အရ သိရသည်။
အမ်းအင်းလမ်း (ပြန် /ဆက်)