ဒေးဒရဲမြို့နယ် သံဒိသဲကုန်းလေးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေး

ဒေးဒရဲ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦး စီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို  ယမန်နေ့နံနက် ၁၁နာရီက ဒေးဒရဲမြို့နယ် သံဒိသဲကုန်းလေးကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လက်​​ထောက်လဝကမှူး ဦးချမ်းမြေ့ဇော်  ဦးဆောင်သောအဖွဲ့မှ သံဒိသဲ ကုန်းလေး ကျေးရွာအုပ်စုရှိ  အသက်(၁၀)နှစ်ပြည့်ပြီး   နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ(၅) ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ(၃၆)ဦး၊ အသက် (၁၀)နှစ်မှ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေး ကတ်ပြားလဲလှယ်သူ(၂၃)ဦး၊  နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်/ပျက် မိတ္တူ(၁၃)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း(ပြန်/ဆက်)