မြောက်ဦးခရိုင် Community Centre ခန်းမအတွင်း၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

မြောက်ဦး နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာ Community Centre ခန်းမ၌ ကျောင်းသား/ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါခန်းမ အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဓါတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်ထွန်းမှ အမျိုးသားအ ောင်ပွဲနေ့အစ ပထမ ကျောင်းသား သပိတ်က ဟူ၍လည်းကောင်း၊ ကျွန်ပညာရေးစနစ်အား တွန်းလှန်ဆန့်ကျင်ကာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ရာမှ အစပြုလာသည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်း ကြောင်းများအား ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများသိရှိစေရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆေးရောင် ခြယ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့်တွင် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၂၅)ဦး၊ အထက်တန်းအဆင့်တွင် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူ (၃၀)ဦးတို့က အမျိုးသား အောင်ပွဲနေ့နှင့် သက်ဆိုင်သော ပန်းချီများအား စိတ်ပါဝင် စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသားသူများမှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီး သီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)