သာယာဝတီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

သာယာဝတီ နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ စာဖတ် သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ဝိုင်းပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေါ်နန်းအေးခိုင်က (နန္ဒမိုးကြယ်)ရေးသားသည့် မခဲယဉ်းသည့် အောင်မြင်ခြင်း စာအုပ်မှ "နားထောင်တတ်ဖို့ လိုအပ်သည်" အကြောင်းအရာကိုလည်းကောင်း၊  စာကြည့်တိုက်မှူး ဒေါ်နွယ်ဦးခင်က "သောကပျောက်စရာ ဒေါသဖျောက်ပါ" ခေါင်းစဉ်ဖြင့်လည်း ကောင်းဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်ကြသည့် ဝန်ထမ်းများက အဆိုပါအကြောင်းအရာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)