ကျောက်တံတား နိုဝင်ဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ နံနက်(၈)နာရီမှ နေ့လယ်(၁ဝ)အချိန်ထိ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေအုပ်ရုံးဟောင်း) ရှေ့တွင် အသက် ၄၅ နှစ်အထက်ရှိသူများအား (Phase 4) Sinopharm (5Dose)First Dose ထိုးနှံပေးခဲ့ရာ ယမန်နေ့က စုစုပေါင်း(၃၁၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်မှကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)