ကျိုက်ထို နို၀င်ဘာ ၁၁
ကျိုက်ထိုမြို့နယ်တွင် လူငယ်များအသင်း (Yuth Club) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က မြို့နယ်အတွင်း ဖွဲ့စည်းထားသည့် Club များ၏အခြေအနေနှင့် ဆောင်ရွက်နေမှုများ၊ လူငယ်များအနေဖြင့်လည်း မိမိတို့မြို့ရွာ အေးချမ်းသာယာစေဖို့နှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် Youth အသင်းအနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါ၀င်စေလို ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး Youth Club အသင်းအား ယခင်ဖွဲ့စည်းပုံတွင် ပါ၀င်သူများ၏ ပြောင်းရွှေ့ကင်းကွားနေရာများတွင် အစားထိုးပြန်လည် ဖွဲ့စည်းခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော လူငယ်များမှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ပြောကြားရာ မြို့နယ်ရုံး ဦးစီးအရာရှိမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
၀င်းမောင်