ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ရသေ့တောင်      နိုဝင်ဘာ            ၁၁

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပ အသိပညာဗ ဟုသတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှု့သည့် အလေ့အထကောင်း များရရှိစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ရွေ့လျား စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်ပိုင်းက ရသေ့တောင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသက်အရွယ်အလိုက် စိတ်ဝင်စားမှုရှိသည့် ရွှေသွေးဂျာနယ်များ၊ တေဇရုပ် စုံများ၊ မဂ္ဂဇင်းနှင့် ကလေးစာပေများအား ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်အများပြည်သူအသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို အလွယ်တကူငှား ရမ်းဖတ်ရှုလေ့လာနိုင်ပြီး စာပေမှရရှိလာသည့်အကျိုးကျေးဇူးများကို သိရှိနိုင်စေရေးအတွက် အဆိုပါရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်း ပေးခြင်း ကို ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများသို့ အပတ်စဉ်သွား ရောက်ငှားရမ်း ပေးလျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)