မာန်အောင်မြို့နယ်၌ ဌာနဆိုင်ရာ(၁၂)ကြိမ်မြောက်ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မာန်အောင် နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ဌာနဆိုင်ရာ (၁၂)ကြိမ်မြောက် ဘုံကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၈နာရီအချိန် က မာန်အောင်မြို့ မဟာဓမ္မိကာရုံကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ကအီးကျေးရွာ သာသနာ့ရောင်ခြည် ကျောင်းတိုက်မှ ပုရိမဝါမှထတော်မူသော သံဃာတော်အရှင်သူမြတ်အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် ဇနီးတို့က ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကြပြီး ဌာနဆိုင်ရာများက လှူဒါန်းဖွယ်ရာ အစုစုတို့အား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကထိန်အနုမောဒနာတရားတော်မြတ်ကို မဟာဓမ္မိကာရုံဆရာတော်ထံမှ နာယူကြပြီး လှုဖွယ်ဝတ္တုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကာ ``ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

သိန်းဖေ