ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တည်ဆောက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး

ညောင်တုန်း နိုဝင်ဘာ ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးဦးမြင့်နိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးဦးနေမျိုးတို့ လိုက်ပါ လျက် ယမန်နေ့ မွန်းလွှဲ ၁၂နာရီခွဲ အချိန်ခန့်က  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်မည့် မြေနေရာအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များသည်  မြို့နယ်စီမံ အုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်မည့်  အမှတ်(၇)ရပ်ကွက်၊ ကွင်းအမှတ်(၄)၊ ဥသျှစ်လှဘုရားကုန်း၊ ဦးပိုင်အမှတ် (၅၈)အတွင်းရှိ မြေနေရာအား ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည် များမှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)