ညောင်တုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်း

ညောင်တုန်း   နိုဝင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍  ညောင်တုန်းမြို့၊ အမှတ် ( ၄)ရပ်ကွက်၊ ၁၀ လမ်းလမ္မတော်နေ (ဦးမြသောင်း) ဒေါ်ကျင်စိုး စိန်ရွှေရတနာဆိုင် မိသားစုမှ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည့်သူ့စာကြည့်တိုက်သို့ လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် အလှူရှင်များကိုယ်စား ညောင်တုန်းမြိုနယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးမြင့်ဟန်နှင့် ဦးစန်းမြင့်တို့က သုတ၊ ရသ စာအုပ် (၁၅၀)အုပ်ကို လာရောက်လှူဒါန်းပေးအပ်ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က လက်ခံရယူခဲ့ပြီး အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)