ဖလမ်းမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အသိပေးခြင်း နှိုးဆော်

ဖလမ်း နိုဝင်ဘာ ၁၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရန် အသိပေးခြင်းနှိုးဆော်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဖလမ်းမြို့ပေါ် ဗလိုင်ရပ်ကွက်နှင့် ဖါရ်ထောက်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ဆောင်ရွက်ကြောင်း သိရသည်။

ဖလမ်းမြို့၌ အောက်တိုဘာလ ပထမပတ်အတွင်း ကိုဗစ်-၁၉ရော ဂါကာကွယ် ဆေးထိုးနှံပြီး သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ရာ (၁၁-၁၁-၂၀၂၁) ရက်နေ့တွင် ဖါရ်ထောက်ရပ်ကွက်၊ ဗလိုင်ရပ်ကွက်၊ (၁၂-၁၁-၂၀၂၁)ရက်နေ့တွင် ကျင်မွာလ်ရပ်ကွက်၊ လုံပီးရပ်ကွက်၊ ဇာလိုင် ရပ်ကွက်၊ ဇာထီရ်၊ လှောင်မွာလ်၊ ရဲလ်စိန်း၊ ရမ်ထလိုနှင့် ဆွန်တလား၊ (၁၃-၁၁-၂၀၂၁)ရက်နေ့တွင် တလန်လိုရပ်ကွက်၊ လိုင်လွန် ရပ်ကွက်၊ တာရွှန်း၊ ကလောမွန်၊ တားလ်၊ ခွန်းလီ၊ ရာလ်လန်၊ ကြောင်ထဲ၊ စီဇာမွာလ်၊ ဇောင်သဲ၊လဲင်သဲ၊ ဆိုင်းမွန်၊ဝေဘူလမြို့၊ ခေါဒါရ်၊ရာလ်လောန်၊ ဆယ်ပီး၊ ဘိုကြုံး၊ လုံဘန်း၊ ဆိမ်ဇောလ်၊ ဖါရ်ခေါမ်း၊ ခေါဆွမ်း၊ ခေါလုံး၊ ခုပ်လဲင်၊ ခေါပွာလ်၊သီးဆဲင် စသည့်ရပ်ကွက်၊ ကျေးရွာရှိ ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီးသူများ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအသိပညာပေး‌နှိုးဆော်ခြင်းကို နိုဝင်ဘာလ ၁၁ နှင့် ၁၂ ရက်နေ့များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဖလမ်းမြို့၌ အောက်တိုဘာလ ပထမပတ် အတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၁၅၉၅)ဦးရှိကြောင်း သိရသည်။

ကိုရှိန်း