ဝက်လက်မြို့နယ်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး TALK SHOW ကျင်းပပြုလုပ်

ဝက်လက်  နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ် လူထုအခြေပြုဗဟိုဌာန  Community centre ခန်းမတွင် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဝက်လက်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ  မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး TALK SHOW ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာဝင်းက အသိပညာပေးဆွေးနွေးပွဲ(TALK SHOW)များ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်း ပြောကြားပြီး  ဝက်လက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အလုပ်အမှုဆောင် ဒေါ်ရီရီဝင်းက “မသန်စွမ်း သူများ သည် နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို မသန်စွမ်းသူ အားလုံး တန်းတူညီမျှအပြည့်အဝ ရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ရေးရာစသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့် တန်းတူလူမှု အဖွဲ့အစည်းတွင် ပေါင်းစည်း ပါဝင်နိုင်ရန်၊ မသန်စွမ်းသူများ၏ လူနေမှုဘဝ လုံခြုံစိတ်ချမှုရှိပြီး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ရပ်ကွက်/ ကျေးရွာများမှာ မသန်စွမ်းသူ များရှိခဲ့လျှင် ထောက်ပံ့ငွေများ ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာမှာလည်း မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း”ကို အကျယ်တဝင့် ရှင်းလင်း ဆွေး နွေး ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများကို Onlineမှ တစ်ဆင့် ဗဟုသုတများစွာရရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW) များကို ဆက်လက် ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မေဇင်ကိုကို(ဝက်လက်)