တမူးခရိုင်၊ခါမ်းပါတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်

ခါမ်းပါတ်  သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကလေး-တမူးလမ်းပေါ်ရှိ နန်းကတိတ်ကျေးရွာ တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

"အဓိကကတော့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးကို သေချာတပ်ဖို့၊ အသံမည်တဲ့ပါဝါအိပ်ဇောတွေ တပ်ဆင်မောင်းနှင်ခြင်းမပြုကြဖို့ ၊ နေ့/ ညတွေမှာ ဆိုင်ကယ်ရဲ့ ရှေ့မီးကြီးအနိမ့်ကို ဖွင့်မောင်းဖို့နဲ့ ညာကပ်မောင်းကြဖို့ စတာတွေကို အသိပညာပေး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု အမှတ် (၁၁၂ )ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်ကြည်စိုးထံမှ သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

သားငယ်(ပြန်/ဆက်)