မုဒုံ သြဂုတ် ၁၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေး ဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိ ပညာပေး နံရံကပ် စာစောင်စာအုပ်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီကပြည်သူ့စာကြည့်တိုက်တွင်ပြသဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉)လူ ကုန်ကူးမှု တားဆီနှိမ်နင်းရေး ရဲတပ်ဖွဲ့ မော်လမြိုင်တို့ပူးပေါင်း၍ လူကုန်ကူးမှုများ တားဆီးနိုင်စေရန် ရည်ရွယ်၍ ဒုရဲအုပ်နေမျိုးချစ်နှင့် တပ်ကြပ်ကြီးပြည်စိုးတို့က နံရံကပ်စာစောင်များ တွင်ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုမြောက်စေသည့်အချက်အကြောင်းအရာများ၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှု ပြစ်မှု ပြစ်ဒဏ်များတိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဖုန်းနံပါတ်များ၊ ကာတွန်း သရုပ်ဖော်ပုံများနှင့်မှတ်တမ်းဓာတ်ပုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဗဟု သုတများ ရရှိစေမည့် သုတ/ရသစာအုပ်မျိုးစုံတို့ကိုပြသခဲ့သည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်များကိုကျောင်းသား/ကျောင်းသူများ၊ပြည်သူများတို့ကစိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အောင်မျိုးသူ(မုဒုံ)