ကျိုက်မရောမြို့နယ် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးပြုလုပ်

ကျိုက်မ​ရော သြဂုတ် ၁၉

မော်လမြိုင်ခရိုင်၊ ကျိုက်မ​​​ရောမြို့နယ်၊ က​လေးသူငယ်အခွင့်အ​ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး ကို ယ​နေ့နံနက် ၁၀နာရီက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
​ရှေးဦးစွာ ပြည်နယ် လွှတ်​တော်ကိုယ်စားလှယ်​ ဒေါ်ခင်မျိုးမြင့်နှင့်မြို့နယ် က​​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ​ကော်မတီဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်​ရေးမှူးဦးကျော်မြင့်တို့က အဖွင့်အမှာစကား​ပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ Case Manager (က​လေးသူငယ်ကြီးကြပ်သူ)ဦးချစ်မင်း​ဇော်က က​လေးသူငယ်ကာကွယ် ​​စောင့်​ရှောက်မှုနှင့်​ ဆောင်ရွက်ချက် အ​တွေ့အကြုံများ၊ မသန်စွမ်းသူ က​လေးသူငယ်များ၊(Child Rape) အဖြစ်ခံရတဲ့က​လေးငယ် အမျိုးသမီးများအား​ ကူညီ​စောင့်​ရှောက်ထားမှု အ​ခြေအ​နေများကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်။
ထို့​နောက် တက်​ရောက်လာ​သော မြို့နယ် အဆင့်က​​လေးသူငယ်ဆိုင်ရာ အဖွဲ့ဝင်များမှ က​လေးသူငယ်ကာကွယ်​စောင့်​ရှောက်​ရေးနှင့် ပတ်သက် ပြီးသိရှိလိုသည်များကို ​မေးမြန်း​​ဆွေး​နွေးရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မင်း​အောင်က ပြန်လည်ရှင်းလင်း​​ ဆွေး​နွေးခဲ့​ကြောင်းသိရသည်။

 ချိုချို (ပြန်/ဆက်)