ဒီပဲယင်းမြို့တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဒီပဲယင်း  သြဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်ကျင်းပရာ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးအောင်လင်းက စာပေဖတ်ရှု့ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုရ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးစာရေးဆရာဒေါက် တာကျော်ထွန်းက ဒေါက်တာမတင်ဝင်း၏ အလုပ်ဆိုတာ အင်အားပါ စာအုပ်ကိုလည်းကောင်း စာရေးဆရာဘိုအောင် (ဒီပဲယင်း) ကစာရေးဆရာအောင်သင်း၏ နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ စာအုပ်တို့ကို ဟောပြောဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဒီပဲယင်းအ-ထ-ကမှ ကျောင်းသား၊ ကျောင်းသူ၂၀ ဦး ဆွေးနွေးခဲ့ကြောင်းခဲ့သည်။

သိန်းထွန်း(ဒီပဲယင်း)