ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေး ဆွေးနွေး

ဂန့်ဂေါ သြဂုတ် ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်သည်။

ဆွေးနွေးကြရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အမှာစကားပြောကြားရာ၌ သြဂုတ် ၁၇ ရက်မှ စတင်ဆောင်ရွက်သည့် မဲစာရင်း မှန်ကန်ရေး ပြုပြင်ဖြည့်ဆည်းကောက်ယူမှု အတွေ့ အကြုံများကို ထည့်သွင်းရှင်းလင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဇော်ဝင်း က လုပ်ငန်းဆောင်ရွက်ပြီး၊ လုပ်ငန်းဆောင်ရွက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နယ်မြေအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းနည်းစေရေး၊ မဲပေးခွင့်ရှိသူများ မဲပေးနိုင်ရေး၊ မဲရုံလုံခြုံရေးကိစ္စများ ကြိုတင် ညှိနှိုင်းနိုင်ရေး၊ ကျေးရွာများအထိ ကွင်းဆင်း၍ မဲရုံနေရာများ သတ်မှတ်ရွေးချယ်ရေး စသည်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။

တောင်သားမောင်သန်း