မောင်တော နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းအုပ်စု ၊ အောင်မြေဗောဓိရပ်ကွက် (ဘင်္ဂါလီ)ရွာ အတွင်းရှိ နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကညင်တန်းအုပ်စု ၊ အောင်မြေဗောဓိရပ်ကွက် (ဘင်္ဂါလီ)ရွာအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွား စေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် လျှပ်စစ်မီးဖိုများ ၊ လျှပ်စစ်ထမင်း ပေါင်းအိုးများစသည့်တို့ကို စနစ်တကျ အသုံးပြုစေရေး၊ နေအိမ်များအတွင်းရှိ အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်စေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ် စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေးအကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(မောင်တော)