အုတ်ဖိုမြို့နယ်တွင် ပညာသင်ကြားလျက်ရှိသူ ၅၄ ရာခိုင်နှုန်းကျော်အထိရှိလာ

အုတ်ဖို နိုဝင်ဘာ ၁၀

ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၅၄ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်း (၁၇၈)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၀၂၁၉)ဦးအနက် ကျောင်းအပ်နှံပြီးသူ (၁၂၄၁၉)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၈) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၁၁၉၆)ဦးအနက် ကျောင်းအပ်နှံ ပြီးသူ(၉၃၉)ဦးနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း(၃)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၄၄)ဦးအနက် ကျောင်းအပ်နှံပြီး သူ(၃၀)ဦးရှိရာ ယနေ့ နံနက်တွင် အခြေခံပညာကျောင်းများ၌ (၇၀၀၂)ဦး၊  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် (၂၉၂)ဦးနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများတွင် (၃၀)ဦး တက်ရောက်လျက်ရှိပြီး ကျောင်းစဖွင့်စဉ်က တက်ရောက်သူ ၂၀ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ သော်လည်း ယခုအခါ တက်ရောက်သူ စုစုပေါင်း ၅၄.၇၁ ရာခိုင်နှုန်း အထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အလားတူ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)