မိုးညို နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရေး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်(၉)နာရီက ဆေးထိုးစုရပ် သတ်မှတ်ထားသည့် စုရပ်နေရာ (၁၁)ခု၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)များကို ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
မိုးညိုမြို့နယ်တွင် အခြေခံပညာကျောင်း (၆၉)ကျောင်းရှိ ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ(၂၅၁၀) ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးအား ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာများသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း (မိုးညို)