ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်မိုးမြင့် မြစ်သားမြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ

မြစ်သား  နိုဝင်ဘာ  ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုး၊ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက မြစ်သားမြို့ ဘူတာရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ အသစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေ အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည်  မြစ်သား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူ များ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများဖြင့်တွေ့ဆုံ၍  အခြေခံ မဲစာရင်း ပြုစုခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးလမ်းညွှန်မှာကြားခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် ပိုမိုမြန်ဆန်စေရေး၊  လုပ်ငန်းအခက်အခဲများနှင့် လိုအပ်သည်များကို   အသေးစိတ်ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။

မြမြမွန်(မြစ်သား)